စနိုဒန်ကို ရုရှားက ယာယီ ခိုလှုံခွင့် ပေး

Edward Snowden
Image caption လေဆိပ်ကနေ ထွက်ခွာ သွားပေမဲ့ ဘယ်ကို သွားမှန်း မသိရ

အမေရိကန် ထောက်လှမ်းရေး သတင်း အချက် အလက်တွေကို ဖွင့်ချခဲ့ သူ ဝရမ်းပြေး အက်ဒဝပ် စနိုဒန် Edward Snowden က ရုရှား နိုင်ငံမှာ ယာယီ ခိုလှုံခွင့် လျှောက်ထားမှုကို ရုရှား နိုင်ငံဘက်က လက်ခံခဲ့ ပြီးတဲ့နောက် မော်စကို လေဆိပ် ကနေ သူ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ်။

မေးမြန်းမယ့် သတင်း မီဒီယာ သမားတွေ ကို ရှောင်ရှားပြီး မစ္စတာ စနိုဒန်ကို ဘေးပေါက်ကနေ ကားနဲ့ ခေါ်ထုတ် သွားခဲ့တယ်လို့ မော်စကိုက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သူဘယ်ကို သွားတယ်၊ ရုရှားမှာ ဘယ်လောက် နေခွင့် ရမယ် ဆိုတာ တော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

မစ္စတာ စနိုဒန်ရဲ့ ရုရှား ရှေ့နေကတော့ သူဟာ လုံခြုံတဲ့ နေရာ တစ်ခုကို သွားတာလို့ပဲ ပြောပါတယ်။

အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း မစ္စတာ စနိုဒန်ဟာ ရုရှား လေဆိပ်မှာ သီတင်း ၆ ပတ်ကြာ နေခဲ့ ရတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ ကတော့ သူတို့ရဲ့ ထောက်လှမ်းရေး အစီအစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက် အလက်တွေကို ပေါက်ကြားစေမှု အတွက် ရုံးတင် စစ်ဆေးနိုင်အောင် မစ္စတာ စနိုဒန်ကို အမေရိကန်ပြည်ထောင်စုဆီ ပြန်ပို့စေချင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ