အီဂျစ်အုပ်စု တွေနဲ့ ကန်အီးယူ ဆွေးနွေး

cairo
Image caption မော်စီ ထောက်ခံသူများ ဆက်လက် သပိတ်မှောက်

သမ္မတ မော်စီကို ဖြုတ်ချပြီး တလ အကြာ မှာ အီဂျစ် ကြားဖြတ် အစိုးရ ၊ မွတ်ဆလင် ညီနောင် များ အဖွဲ့ ခေါင်းဆောင် တွေနဲ့ အမေရိကန် နဲ့ ဥရောပ သမဂ္ဂ သံတမန်တွေ ကိုင်ရို မှာ ဆွေးနွေး ခဲ့ကြ ပါတယ်။

အီဂျစ် နိုင်ငံရေး အကျပ် အတည်း ကို ဖြေရှင်း နိုင်ဖို့ အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဘန်းစ် နဲ့ ဥရောပ သမဂ္ဂ အထူး ကိုယ်စားလှယ် Bernardino Leon တို့ ဆွေးနွေး အဖြေရှာ နေကြတာ ဖြစ်ပါတယ်။

ဒီမို ကရေစီ လုပ်ငန်းစဉ် တွေမှာ မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ပါဝင် ခွင့် ပြုမှာ ဖြစ်ကြောင်း၊ ဒါကြောင့်မို့ မော်စီ ထောက်ခံသူ တွေရဲ့ ဆန္ဒ ပြပွဲတွေ အေးချမ်း စွာ အဆုံးသတ် သင့်ပြီလို့ အီဂျစ် အာဏာပိုင် တွေက ထပ်မံ တောင်းဆို ခဲ့ကြ ပါတယ်။

အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး Nabil Fahmi ကလည်း အစိုးရ အနေနဲ့ နောက်ဆုံး နည်းလမ်း မရှိတော့မှ ဆန္ဒပြ သူတွေကို အင်အားသုံး ဖြေရှင်း သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ