ဓာတ်ခွဲခန်းထုတ် ဘာဂါကို စားပြီ

Image caption အမဲသားနဲ့ တူပြီး အရသာ ကတော့ အမဲသားနဲ့ နည်းနည်းလေး ကွားခြား တယ်လို့ ဆိုပါတယ်

နယ်သာလန် နိုင်ငံက ဓာတု ပညာရှင်တွေကနေ ပထမဆုံး ထုတ်လုပ် လိုက်တဲ့ ဓာတ်ခွဲခန်း ထုတ် ဘာဂါ ကို လန်ဒန်မြို့မှာ ပထမဆုံး ချက်ပြီး စားပြ ခဲ့ပြီ ဖြစ်ပါ တယ်။

နွားက ထုတ်တဲ့ ဆဲလ်တွေကို နယ်သာလန် ဓာတ်ခွဲခန်း တခုမှာ အမဲသား အမျှင် အကြော တွေ ဖြစ်လာ အောင်လုပ်ပြီး ဒီဘာဂါ အသားကို ထုတ်လုပ် ခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ခွဲခန်းထဲမှာ အာဟာရ ဓါတ်နဲ့ ဓါတုပစ္စည်းတွေ ပေါင်းပြီး အဲဒီ ဆဲလ်တွေ ပွားလာအောင် လုပ်ပါတယ်။ သီတင်းသုံးပါတ်ကြာတဲ့ အခါမှာတော့ ဗီဇ ဆဲလ် တသန်း ကျော်လောက် ရလာ ပါတယ်။ အဲဒီ ဆဲလ်တွေကို ပေါင်းပြီး ရလာတဲ့ အသားမျှင်တွေကို အလုံးအသေးလေးတွေလုပ်ပြီး အအေးခန်းထဲမှာ ခဲထား လိုက် ပါတယ်။ လိုသလောက် ရပြီ ဆိုတဲ့ အခါကျတော့ ဘာဂါပြားတွေ အဖြစ် ဖန်တီးခဲ့တာပါ။

အစား အသောက် အကဲဖြတ် တဦး ကတော့ ဒီဘာဂါကို စားခဲ့ပြီးနောက် ပြောကြားရာမှာ၊ အသားနဲ့ အတော် ဆင်တူ တယ်လို့ ပြောပါတယ်။ အမဲသားနဲ့ တူပြီး အသားက ခပ်ခြောက်ခြောက် လိုမျိုး ဖြစ်ကာ၊ အရသာ ကတော့ အမဲသားနဲ့ နည်းနည်းလေး ကွားခြား တယ်လို့ တခြား အကဲခတ်တွေ ကလည်း ပြောပါတယ်။

ဒီစမ်းသပ်မှုကို လုပ်ခဲ့တဲ့ ဒတ်ချ်လူမျိုး ပညာရှင်တွေကတော့ ကမ္ဘာပေါ်မှာ အသား စားသုံးမှုအား တနေ့ တခြား တိုးပွား လာနေမှုကို ဒီဓါတ်ခွဲခန်း အမဲသား ဘာဂါက တနည်း တဖုံ ဖြေရှင်းပေးနိုင်မယ်၊ ကျွဲနွား တိရိစ္ဆာန် မွေးမြူ ထုတ်လုပ်မှုက သဘာဝ ပါတ်ဝန်းကျင်ကို ထိခိုက် စေပြီး ကမ္ဘာပေါ်မှာ အသား စားသုံးမှု အား တိုးပွား လာနေတဲ့ အတွက် တိရစ္ဆာန်တွေ အတွက်လည်း မကောင်းဘူးလို့ ဆိုပါတယ်။

ဒီလို လူဖန်တီးတဲ့ အသားတွေကြောင့် တိရိစ္ဆာန်တွေကို သတ်ဖြတ်ပြီး အသားအဖြစ် စားသုံးနေမှုတွေ လျော့ကျသွားနိုင်တယ်။ ကာဘွန်ဒိုင် အောက်ဆိုက်ဒ် ထုတ်လွှတ် မှုတွေ လျော့နည်း သွားမယ်လို့ တိရိစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ က ပြောပါတယ်။

အခုလို ဘာဂါ အသား ဖြစ်လာဖို့ ကုန်ကျ စရိတ် ကတော့ ဒေါ်လာ ၃ သိန်းလောက် ရှိခဲ့ ပါတယ်။

ဒါပေမယ့်လည်း ဝေဖန်သူတွေ ကတော့ ဒီလို အသားတုတွေ ဖန်တီးခြင်း အားဖြင့် ကမ္ဘာပေါ်မှာ အသား စားသုံးမှုအား တိုးပွား လာနေတာကို ဖြေရှင်း နိုင်မှာ မဟုတ်ပဲ သတ်သတ်လွတ် စားတဲ့ နည်းနဲ့ပဲ ဖြေရှင်း နိုင်မယ်လို့ ပြောနေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ