တူရကီ စစ် သေနာဟောင်း ထောင် တသက်ချ

 Ilker Basbug
Image caption စစ်တပ် အကြီးအကဲဟောင်း ကို ထောင်တသက် ချမှတ်

တူရကီ စစ်တပ် အကြီးအကဲဟောင်း အီကဲ ဘတ်ရှ်ဘူ ကို အစိုးရကို ဖြုတ်ချဖို့ ကြံစည်မှုနဲ့ ထောင်ဒဏ် တသက် ချမှတ် လိုက်ပါတယ်။

တခြား စစ်တပ် အရာရှိ ဟောင်းတွေ၊ သတင်းသမား တွေနဲ့ ပညာရှင် ၂၇၅ ဦး ကိုလည်း အာဏာသိမ်းရန် ကြံစည်မှုနဲ့ ပြစ်ဒဏ်တွေ ချမှတ် ခဲ့ပါတယ်။

တခြား လူတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး တချို့ ကိုတော့ တရားသေ ပြန်လွှတ်ပေး တာတွေ ရှိပါတယ်။

အစ္စတန်ဘူ နားက တရားရုံး မှာ အမှုကို စီရင်ခဲ့ပြီး တရားရုံး အပြင်ဘက်မှာ တရားခံ ဆွေမျိုး တွေထဲက လာရောက် ဆန္ဒပြ ခဲ့တဲ့ လူအုပ်ကြီးကို ရဲတွေက မီးသတ်ပိုက်တွေ မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစုခွဲခဲ့ ပါတယ်။

ဒီအမှုကို စစ်ဆေးခဲ့တာ အချိန် ၅ နှစ် ကြာမြင့် ခဲ့ပြီးနောက် အခုလို စီရင်ချက်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အစ္စလာမ္မစ် ဝန်ကြီးချုပ် နဲ့ ဘာသာရေး မစွက်တဲ့ အတိုက်အခံ အဖွဲ့တွေအကြား ထိပ်တိုက်တွေ့ ကြတဲ့ အဓိက စမ်းသပ်တဲ့ပွဲ အဖြစ် တွေ့မြင်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ