ကိုလံဘိုနား ဘာသာရေး တင်းမာ

mosque
Image caption အိဒ် ပွဲတော် အပြီး နောက်တရက်မှာ တိုက်ခိုက်

သီရိလင်္ကာ နိုင်ငံ ကိုလံဘို မြို့တော် နားက ဗလီ တခု ထဲကို ဗုဒ္ဓဘာသာ ဝင် အုပ်စုက ဝင်ရောက် ဖျက်ဆီးပြီး ဝတ်ပြုနေသူ တွေကို တိုက်ခိုက်မှု ကြောင့် အဲဒိ နယ်မြေမှာ နေဝင် မီးငြိမ်း အမိန့် ထုတ်ခဲ့ပါတယ်။

မွတ်ဆလင် ဥပုသ်လ ကုန်ဆုံးတဲ့ အိဒ် ပွဲတော် အပြီး နောက်တရက်မှာ ဒီ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ ၅ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့ ပါတယ်။

မွတ်ဆလင် တွေကို ဥပုသ်လ ကုန်တဲ့အထိ ဗလီမှာ ဝတ်ပြုခွင့် ပေးဖို့ အနားက ဘုန်းကြီးတွေက သဘောတူ ခဲ့တယ် လို့လည်း ကိုလံဘို သတင်းတွေက သိရ ပါတယ်။

သူတို့ကို သီရိလင်္ကာ သာသနာရေးက ဆက်လက် ဝတ်ပြုခွင့် ပေးထားတယ် လို့ အဲဒိက မွတ်ဆလင် တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ