ဂျူးအခြေချ အိမ်သစ်တွေ ထပ်ဆောက်မယ်

ဂျူးအခြေချနေထိုင်သူများ
Image caption ဂျူးအခြေချနေထိုင်သူများ

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ဂျေရုဆလင် မြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မစမီ ၃ရက်အလိုမှာ သိမ်းပိုက် ထားတဲ့ နယ်မြေမှာ ဂျူး အခြေချ အိမ်ယာသစ်တွေ ပြန်ဆောက်ဖို့ အစ္စရေးက ကြေငြာသွား ပါတယ်။ အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လုပ် နိုင်အောင် အစ္စရေးတို့က ဖမ်းထားတဲ့ ပါလက်စတိုင်း ၁၀၀ ကို လာမယ့် ၁၃ ရက် ကျရင် စလွှတ်ပေးမှာ ဖြစ်ပါတယ်။

အခုလို အခြေချ စခန်းတွေ ပြန်ဆောက်ဖို့ ကြေညာ တာကတော့ အကျဉ်းသား လွှတ်ရေးကို ဆန့်ကျင်တဲ့ လက်ျာယိမ်း နိုင်ငံရေး သမားတွေကို ကျေနပ်အောင် လုပ်တာ ဖြစ်နိုင်တယ်လို့ ဂျေရုဆလင်ရှိ ဘီဘီစီ သတင်းထောက် ကယ်ဗင် ကိုနိုလီကပြောပါတယ်။ ၁၉၆၇ခုနှစ်က အစ္စရေးတို့ သိမ်းပိုက် ထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက် ကမ်းနဲ့ အရှေ့ ဂျေရုဆလင်မှာ အခြေချ စခန်းပေါင်း ၁၀၀ကျော်ရှိပြီး ဂျူးလူမျိုးပေါင်း ၅သိန်းလောက် နေထိုင် ပါတယ်။

ပါလက်စတိုင်း တွေက သိမ်းပိုက် ခံထားတဲ့ နေရာနဲ့ ဂါဇာ ကမ်းမြောင်ဒေသတို့မှာ ပါလက်စတိုင်း နိုင်ငံထူထောင်လိုကြပါတယ်။ အခုအခါ ဆောက်လုပ်ရေး ဝန်ကြီး အေရီယယ်က အရှေ့ဂျေရု ဆလင်မှာ တိုက်ခန်းပေါင်း၈၀၀ ခန့်နဲ့ အနောက်ဘက် ကမ်းမှာ ၄၀၀ ခန့်ဆောက်ဖို့ တင်ဒါခေါ် လိုက်ပါတယ်။

မူလတုန်းက တည်ဆောက် မှုတွေ မရပ်ဘဲ ငြိမ်ချမ်းရေး စကား မပြောဘူးလို့ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်က ပြောနေ ပေမယ့် နောက်ဆုံး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းလို့ လက်ခံတာ ဖြစ်ပါတယ်။ အခုလို ဆောက်တာဟာ နိုင်ငံတကာ ဥပဒေအရ တရားမဝင် ပေမယ့် ဒါကို အစ္စရေးတို့က အငြင်းပွားနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ