အီဂျစ် သပိတ် ဖြိုခွဲတော့မယ်

cairo
Image caption လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာ အတွက် ဆန္ဒပြ တောင်းဆို

ပြုတ်ကျ သွားတဲ့ အီဂျစ် သမ္မတဟောင်း မော်စီကို ထောက်ခံတဲ့ သပိတ် စခန်း တွေကို နာရီပိုင်း အတွင်း ဖြိုခွဲတော့မယ်လို့ အီဂျစ် ပြည်ထဲရေး နဲ့ နီးစပ်တဲ့ သတင်း တွေအရ သိရပါတယ်။

ထောင်နဲ့ချီတဲ့ သပိတ် သမားတွေကို ဖြည်းဖြည်းချင်း လူစုခွဲ သွားမှာ ဖြစ်ပြီး နောက်ထပ် လူတွေ ထပ်ဝင် မလာအောင် လုံခြုံရေး တွေက တားဆီး သွားမယ်လို့ သိရပါတယ်။

ဆန္ဒပြ သမားတွေကို ရာနဲ့ချီတဲ့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေ ရောင်းထားပြီး ဖြစ်ကြောင်း လမ်းဘေး စျေးသည် တွေက ပြောပါတယ်။

သပိတ် စခန်း အသစ်တွေ ဖွင့်ဖို့ တောင်းဆို ထားတဲ့ ကြေညာချက် တခု ကိုလည်း မွတ်ဆလင် ညီနောင်များ အဖွဲ့က ထုတ်ပြန် ထားပါတယ်။

အီဂျစ် ရင်ကြားစေ့ရေး အတွက် အီဂျစ် ဆွန်နီ ဘာသာရေး အကြီးအကဲက ကြီးမှူး စေ့စပ်ဖို့ ဆိုင်းပြင်း နေချိန်မှာ ဒီလို တင်းမာ နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ