ဂျပန် ယာဆူကူနီ ဝတ်ပြုမှု တရုတ်ကန့်ကွက်

တောင်ကိုရီးယား မှာ ကန့်ကွက် ဆန္ဒပြ
ဒုတိယ ကမ္ဘာစစ် အတွင်း ကျဆုံး ခဲ့တဲ့ ဂျပန် စစ်သား တွေနဲ့ အတူ စစ်ရာဇဝတ်ကောင် တွေ အတွက်ပါ ဝတ်ပြု ဆုတောင်းကြတဲ့ တိုကျို မြို့တော်က ဘုရား ကျောင်းဆောင် ကို ဂျပန် လွှတ်တော် အမတ် တရာ နီးပါး သွားရောက် ခဲ့မှု အတွက် တရုတ် အစိုးရက ဂျပန် သံအမတ်ကို ဆင့်ခေါ် မေးမြန်း ခဲ့ပါတယ်။
ဒီအခမ်းအနားကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး မတက်ရောက် ပေမယ့် ယာဆူကူနီ ဘုရား ကျောင်း ကို သွားတဲ့ အထဲမှာ အစိုးရ ဝန်ကြီး ၂ ယောက်လည်း ပါပါတယ်။
ဒီဖြစ်ရပ်က ဂျပန် ရဲ့ စစ်အတွင်း ရှုံးနိမ့်မှုကို မရင်ဆိုင်ရဲ တာကို ပြသရာ ရောက်ကြောင်း ဝေဖန် သုံးသပ်ကြ ပါတယ်။
ဂျပန် အနေနဲ့ သမိုင်းကို ရင်ဆိုင်ရဲဖို့ လိုတယ်လို့ တောင်ကိုရီးယား သမ္မတ Park Geun-hye ကလည်း ပြောဆိုပါတယ်။
ဒီ ကိစ္စ အတွက် ဂျပန် အပေါ် တောင်ကိုရီးယား နိုင်ငံမှာလည်း ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ်။