တရုတ် သေဒဏ်ကျ အကျဉ်းသားများဆီက အင်္ဂါအစိတ်အပိုင်း ရယူမှု ရပ်နားမယ်

အစားထိုး ထည့်သွင်းတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း အများစုဟာ သေဒဏ်ကျ အကျဉ်းသားတွေဆီက ရယူ
တရုတ်နိုင်ငံမှာ သေဒဏ်စီရင်ချက် ကျခံနေရ တဲ့ အကျဉ်းသားတွေ ဆီကနေ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ယူပြီး တခြားလူနာတွေကို အစားထိုး ကုသနေမှုတွေကို လာမယ့် နိုဝင်ဘာ လက စပြီး တဖြည်းဖြည်း ရပ်နားတော့မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု တာဝန်ခံ ဟွန်ဂျီဖူကနေ အခုလို အချိန်သတ်မှတ်ချက် ကို ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပါတယ်။ တရုတ် ကျန်းမာရေး အရာရှိတွေကတော့ အခု လောလောဆယ်မှာ ကိုယ့်သဘောနဲ့ကိုယ် အင်္ဂါ လှူဒါန်းမယ့် နိုင်ငံတော်အဆင့် အစီအစဉ်တခု ပြုလုပ်ဖို့ ဆောင်ရွက်နေပါတယ်။
တရုတ်ယာဉ်ကျေးမှုအရ သေဆုံးသွားသူတွေကို မြေမြှုပ်တာပဲ ဖြစ်ဖြစ် မီးရှို့ သင်္ဂြိုဟ်တာပဲ ဖြစ်ဖြစ် အင်္ဂါအပြည့်အစုံနဲ့ သင်္ဂြိုဟ်ရတာ ဖြစ်လို့ အဲဒီလို အယူအဆရှိသူတွေအနေနဲ့ အခုအချိန်မှာ ကူညီလှူဒါန်းလာနိုင်အောင် ပြုလုပ်နေတဲ့ အစီအစဉ် ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ သေဒဏ်ကျခံနေရတဲ့ အကျဉ်သားတွေရဲ့ အင်္ဂါတွေကို အသုံးပြုနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတာကို အခုအချိန်မှာတော့ တရုတ်အာဏာပိုင်တွေက သိပ်ကြာသေးခင် နှစ်ပိုင်းတွေ အတွင်းကမှ စခဲ့တာလို့ ဝန်ခံသွားပါတယ်။