ဒိုင်ယာနာ အမှုကို ရဲက ပြန်လည် စစ်ဆေးနေပြီ

Image caption မဟာဆီ မဟာသွေး အပြည့်နဲ့ ဝေလမင်းသမီး ဒိုင်ယာနာ

၁၉၉၇ ခုနှစ်တုန်းက ပါရီမြို့မှာ ကားတိုက် သေဆုံးသွားခဲ့တဲ့ ဝေလမင်းသမီး ဒိုင်ယာနာနဲ့ ဒိုဒီ အယ်လ် ဖိုင်းရက် တို့ရဲ့ အမှုနဲ့ ပတ်သက်လို့ လတ်တလော ရထားတဲ့ သတင်း အချက်အလက်တွေကို လေ့လာ စစ်ဆေးနေတယ်လို့ လန်ဒန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီသေဆုံးမှုမှာ စစ်ဖက်ဆိုင်ရာက ပါဝင် ပတ်သက်နေတယ်လို့ ၊ စစ်တပ် သတင်းရပ်ကွက်တခုက ဗြိတိသျှ သတင်းစာ the Sunday People ကို ဆက်သွယ် ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ရဲကတော့ ဒီသတင်းတွေကို အတည်ပြုဖို့ ငြင်းဆိုခဲ့ပေမယ့် သူတို့ ရထားတဲ့ သတင်းအချက်အလက်တွေ ဘယ်လောက် ခိုင်လုံမှု ရှိသလဲ ဆိုတာကို စစ်ဆေးနေတယ် ၊ ဒါပေမယ့် ဒီကိစ္စကို အမှု ပြန်ဖွင့်သေးတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

၂ဝဝဂ ခုနှစ် သေမှုသေခင်း စစ်ဆေးချက်အရ သေဆုံးသူ စုံတွဲဟာ အရက် အလွန်အကျွံမူးပြီး အမြန်မောင်းလာတဲ့ သူတို့ ကားမောင်းသမားရဲ့ သတိမဲ့မှုကြောင့် တရားနည်းလမ်းမကျစွာ သေဆုံးခဲ့ရတာလို့ ဖော်ပြထားပါတယ်။