ဆီးရီးယားအရေး လုံခြုံရေး ကောင်စီ အရေးပေါ်စည်းဝေး

_syria_gas_attack
ဓာတ်ပုံ ပုံစာ,

ဆီးရီးယားမှာ ဓာတုလက်နက်တွေ သုံးနေပြီလား

ဆီးရီးယား မှာ ဓာတု လက်နက်တွေ သုံးစွဲ ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးပေါ် အစည်း အဝေး ခေါ်လိုက်ပါတယ်။

ဒမတ်စကပ်စ် မြို့တော်ရဲ့ အပြင်ဘက်မှာ ဗုဒ္ဓဟူးနေ့ က အစိုးရ တပ်တွေက ဓာတု လက်နက်တွေ သုံးပြီး တိုက်ခိုက် ခဲ့လို့ ကလေးတွေ အပါအဝင် လူရာနဲ့ ချီပြီး သေဆုံး ခဲ့ရတယ်လို့ အတိုက်အခံ တွေဘက်က စွပ်စွဲထား ပါတယ်။

ဆီးရီးယား အတိုက်အခံ ဖြစ်တဲ့ အမျိုးသား ညွန့်ပေါင်း တွေဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုကြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဆီးရီးယား အစိုးရ ဘက်ကတော့ ဒီလို ဓာတု လက်နက်တွေ သုံးစွဲပြီး တိုက်ခိုက် ခဲ့တယ် ဆိုတာကို ငြင်းဆို ထားပါတယ်။

ကုလသမဂ္ဂရဲ့ ဒုတိယ အတွင်းရေးမှူးချုပ် ယန် အဲလပ်စ်ဆင် ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အမြန်ဆုံး စုံစမ်း စစ်ဆေးသွားဖို့ လိုအပ်ကြောင်း၊ ဆီးရီးယား အစိုးရအနေနဲ့ အဲဒီ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ နေရာကို ကုလသမဂ္ဂရဲ့ စုံစမ်း စစ်ဆေး သူတွေကို သွားရောက် စစ်ဆေးခွင့် ပေးလိမ့်မယ်လို့ သူ မျှော်လင့် ထားကြောင်း ပြောပါတယ်။