ဘိုရှိလှိုင် လာဘ်ငွေ မယူကြောင်း ချေပ

bo xilai
Image caption လာဘ်ငွေ မယူကြောင်း ဘိုရှိလှိုင် ငြင်းဆို

တရုတ်ပြည်မှာ လူအများ စိတ်ဝင်စား ထင်ရှားလှတဲ့ နိုင်ငံရေး အမှု တခု အတွက် ကွန်မြူနစ် ထိပ်တန်း ခေါင်းဆောင် ဟောင်း ဘိုရှိလှိုင် ကို ရုံးထုတ်တဲ့ နေ့မှာပဲ သူက တင်းတင်း မာမာ ခုခံ ချေပ သွားပါတယ်။

ဘိုရှိလှိုင်ကိုဒေါ်လာ သန်းချီ လာဘ်စားမှုနဲ့ စွဲဆို ထားတာ ဖြစ်ပြီး ဒီငွေတွေကို မယူကြောင်း သူက ငြင်းဆို ခဲ့ပါတယ်။

သူက သက်သေ တယောက်ကို ခွေးရူးနဲ့ တူကြောင်း၊ သူ့ဇနီးသည်ရဲ့ သက်သေ ထွက်ချက် တချို့ ကလည်း ရယ်စရာ ကောင်းကြောင်း ပြောဆို ခဲ့ပါတယ်။

တရုတ် နိုင်ငံ အရှေ့ပိုင်း ဂျီနန် မြို့မှာ တရား ရင်ဆိုင် နေရတဲ့ ဘိုရှိလှိုင်ကို ဗြိတိသျှ စီးပွားရေး သမား တယောက်ကို သူ့ဇနီးက သတ်ဖြတ်မှုကို ဖုံးထား ခဲ့တယ် ဆိုပြီး စွဲဆို ခံနေရပါတယ်။

တရားခွင်ကို ရုပ်သံက တိုက်ရိုက် ထုတ်လွှင့်ဖို့၊ အမှုကို မျှတစွာ စစ်ဆေးဖို့ လိုလားကြောင်း ဂျီနန် ဒေသခံ တယောက်က ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

လူကြိုက်များ ကျော်ကြားတဲ့ သူ့ကို မနှစ်က ရာထူးက ရုတ်တရက် နုတ်ပယ်ပြီး ဖမ်းဆီး ထားခဲ့တာပါ။

ဒီတရားခွင်ဟာ နာမည်ကျော် နိုင်ငံရေး သမား တယောက်ကို ရာဇဝတ် မှု အမှားအယွင်းနဲ့ ဖိနှိပ်ဖို့ စီမံတာလို့ သုံးသပ် နေကြတာတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ