Microsoft ကုမ္ပဏီ အကြီးအကဲ ရာထူးက နုတ်ထွက်တော့မယ်

Image caption ရာထူးက နှုတ်ထွက်တော့မယ့် မိုက်ခရိုဆော့ဖ် အကြီးအကဲ Steve Ballmer

Microsoft ကုမ္ပဏီ အကြီးအကဲ Steve Ballmer ဟာ တနှစ်အတွင်း ရာထူးက နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

မစ္စတာ ဘောလ်မာရဲ့ နေရာကို ဆက်ခံမယ့်သူကို မိုက်ကရိုဆော့ဖ် က ထုတ်ဖော် ပြောကြားတာ မရှိသေးပေမယ့် သူအလုပ်ထွက်မယ့် သတင်း ထွက်ထွက် ပြီးချင်း ကုမ္ပဏီရဲ့ အစုရှယ်ယာ စျေးတွေ ၉ ရာခိုင်နှုန်းလောက် ခုန်တက်သွားခဲ့ပါတယ်။

မိုဘိုင်းဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး စံနစ်တွေ တဟုန်ထိုး ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ Apple နဲ့ Google တို့က ရှေ့ကပြေးနေချိန်မှာ မိုက်ခရိုဆော့ဖ် ကတော့ သူ့အုပ်ချုပ်မှု အောက်မှာ ပြိုင်ဖက်တွေ နောက်က ကျန်ရစ်ခဲ့တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။