ဆီးရီးယားကို ဝင်ဖို့ ကန်တပ်တွေ အသင့်ဖြစ်

Chuck Hagel, US Defense Secretary
Image caption အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂဲလ်

သမ္မတ အိုဘားမားကနေ ဆီးရီးယားကို စစ်ရေးအရ ကြားဝင်ဆောင်ရွက်ဖို့ အမိန့်ပေးလိုက်တာနဲ့ တပြိုင်နက် တိုက်ခိုက်ဖို့အတွက် အမေရိကန် တပ်ဖွဲ့တွေ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ခ် ဟေဂဲလ်က ပြောကြားလိုက်ပါတယ်။

မစ္စတာ အိုဘားမား အနေနဲ့ ဘယ်လို့ ရွေးချယ်မှုမျိုးကိုပဲ လုပ်လုပ် အဲဒီအတွက် ဖြည့်ဆည်းဆောင်ရွက်ဖို့ စစ်တပ် အနေအထားကို အဆင်သင့်ဖြစ်အောင် ပြုလုပ်ထားပြီး ဖြစ်တယ်လို့ မစ္စာတာ ဟေဂဲလ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီးတင်းပတ်က ဆီးရီးယားမှာ ဓာတုလက်နက်နဲ့ သံသယဖြစ်စရာ တိုက်ခိုက်မှုတွေ အတွက် ဆီးရီးယား အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ ပိုပြီး သိသာ ထင်ရှားလာနေတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမယ်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို စောင့်ပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဗြိတိန်အနေနဲ့ကလည်း ဆီးရီးယားတို့ရဲ့ ဓာတုလက်နက် အသုံးပြုတာတွေကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ဖို့ အရေးတကြီး စီစဉ်ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ့် ဒေးဗစ် ကန်မရွမ်းရဲ့ ပြောခွင့်ရသူက တစ်ဦးက ပြောပါတယ်။ တကယ့်လက်တွေမှာ အတိအကျ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကတော့ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ပြောပါတယ်။