ဘိုင်ယန်မြူးနစ် ချယ်လ်ဆီးကို အနိုင်ယူ

Image caption ဘိုင်ယန် ဂိုးသမား Manuel Neuer

မနေ့က ကစားခဲ့တဲ့ European Super Cup ဘောလုံးပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းက ချယ်လ်ဆီးကို ပင်နယ်လ်တီ အဆုံးအဖြတ်မှာ ငါးဂိုး လေးဂိုး နဲ့ အနိုင်ယူသွားခဲ့ပါတယ်။

ချက်ကိုစလိုဗက်ကီးယား နိုင်ငံ ပရက်ခ် မြို့မှာ ကန်ခဲ့တဲ့ အဲဒီ ဘောလုံးပွဲဟာ အချိန်ပို ကစားပြီးတဲ့ အထိ နှစ်ဂိုးစီ သရေ ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ပယ်နယ်တီ ကန်ရာမှာ ချယ်လ်ဆီး ကစားသမား ရိုမဲလူး လူကာကူး ကန်လိုက်တဲ့ ဘောလုံးကို ဘိုင်ယန်မြူးနစ် ဂိုးသမား မန်နျူရယ် နျူရာက အမိအရ ဖမ်းနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်က ချယ်လ်ဆီးကို အနိုင်ရသွားတာ ဖြစ်ပါတယ်။