ဂျပန် ရေဒီယို သတ္တိကြွမှု ၁၈ဆပိုများ

Fukushima နျူကလီးယား ဓါတ်အားပေးစက်ရုံ
Image caption Fukushima နျူကလီးယား ဓါတ်အားပေးစက်ရုံ

ရေဒီယိုသတ္တိကြွ ရောင်ခြည်ပါတဲ့ ရေတွေ သိုလှောင်ကန်ထဲကနေ မြေကြီးထဲကို စိမ့်ဝင်တဲ့အကြောင်း ဖူကူရှီးမား နျူကလီယား ဓါတ်အားပေးစက်ရုံ မှတာဝန်ရှိသူတွေက ပြီးခဲ့သတင်းပတ်က စပြောခဲ့ပါတယ်။

အခုယိုစိမ့်တဲ့ နေရာနားမှာ စနေနေ့က တိုင်းထွာချက်အရ ဓါတ်ရောင်ခြည် ယိုစိမ့်မှုဟာ ၄နာရီကြာ အဲဒီပတ်ဝန်းကျင်မှာ ရှိခဲ့ရင် အန္တရာယ် ကြီးမားနိုင်တဲ့ အခြေအနေမျိုးတွေ့ရပါတယ်။ ဒီဓါတ်အားပေး စက်ရုံဟာ ၂၀၁၁ခု ဆူနာမီ ဒဏ်ခံရတုန်းက ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

တိုကျိုလျှပ်စစ် စွမ်းအင်ကုမ္ပဏီ တက်ပ်ကိုက ရေတွေစိမ့်ထွက်လို့ ဓါတ်ရောင်ခြည် ယိုစိမ့်မှု အတိုင်း အတာဟာ တနာရီကို မီလီစီဗီယတ် ၁၀၀ရှိတယ်လို့ ပြောပေမယ့် အခုအားကောင်းတဲ့ စက်နဲ့တိုင်းတော့ တနာရီကို မီလီစီဗီယတ် ၁၈၀၀ ရှိတဲ့အတွက် ၁၈ဆလောက် ပိုတာတွေ့ရပါတယ်။ ဒါကြောင့် နေ့စဉ်ထိတွေ့နေတဲ့ စက်ပြင် အလုပ်သမားတွေအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဆူနာမီဒဏ် ခံရပြီးတဲ့နောက်ပိုင်း နျူကလီယား ဓါတ်ပေါင်းဖိုတွေ အပူချိန် ကျအောင် ရေကိုအမြဲ စုပ်ထုတ် နေရပါတယ်။ အခုယိုစိမ့်မှုဟာ ဖူကူရှီးမားစက်ရုံမှာ ၄ကြိမ်မြောက်ဖြစ်ပြီး အများဆုံး ယိုစိမ့်တာလို့ယူဆရပါတယ်။

သက်ဆိုင်ရာ အရာရှိတွေဖေါ်ပြတာထက် ဓါတ်ရောင်ခြည် ယိုထွက်မှုပမာဏက ပိုဆိုးနိုင်တယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ