ဂါးရက်ဘေးလ်ကို ဘာနေဗျူးမှာ မိတ်ဆက်

Image caption ဒေၚလာ ၁၃၂ သန်းတန် ဂါးရက်ဘေး

ကမ္ဘာ့ စျေးအကြီးဆုံး ဘောလုံးသမား ဂါးရက်ဘေးလ်ကို စပိန် ရီးယဲလ်မက်ဒရစ် အသင်းရဲ့ ဘာနေဗျူး ဘောလုံးကွင်း ပရိတ်သတ်ရှေ့မှာ ရီးယဲလ် အတွက် မိတ်ဆက်ပေးခဲ့ပြီ ဖြစ်ပါတယ်။

ရီးယဲလ် အသင်းကနေ အင်ဂလန် တော်တင်ဟမ် အသင်းက အသက် ၂၄ နှစ်အရွယ် ဂါးရက်ဘေးကို ဒေါ်လာ ၁၃၂ သန်းနဲ့ သဘောတူပြီး ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

ရီးယဲလ် အသင်းမှာ ကစားဖို့ဆိုတာ တစ်ချိန်တုန်းက သူ့ရဲ့ အိပ်မက် ဖြစ်ခဲ့တယ်လို့ ကြီးမားလှတဲ့ ရီးယဲလ် ပရိသတ်ရှေ့မှာ ဘေးက ပြောကြားသွားပါတယ်။

အခုလို သူ့ကို အကြီးအကျယ် တခမ်းတနား ကြိုဆိုခဲ့တဲ့အပေါ် ကျေးဇူးတယ်လို့ ဘေးက ပရိသတ်ကြီးကို ပြောကြားသွားပါတယ်။