ဆီးရီးယားအရေး ပြင်သစ် ပါလီမန် ဆွေးနွေး

francois hollande
Image caption ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း(ဝဲ)က စစ်ရေးဆောင်ရွက်ဖို့ ထောက်ခံပြီးဖြစ်

ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြုခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ပြင်သစ် ဝန်ကြီးချုပ် ယန်းမာ့ခ်အေဟိုဟာ ဒီကနေ့ နှောင်းပိုင်း ပါလီမန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ပြင်သစ် ထောက်လှမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို တင်ပြမှာ ဖြစ်ပါတယ်။

ပြင်သစ်ထောက်လှမ်းရေးရဲ့ ကိုယ်ပိုင်တွေ့ရှိတဲ့ မှတ်တမ်းအရ ဆီးရီးယား အစိုးရမှာ ဆာရင်း အဆိပ်ငွေ့နဲ့ အရေးပြားကို လောင်စေတဲ့ ဓာတ်ငွေ့ တန်ချိန် ၁ ထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်။

ကတော့ ဆီးရီးယားကို စစ်ရေးအရ ကြားဝင်ဆောင်ရွက်ဖို့ကို အတိအကျ ထောက်ခံထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဗြိတိန်နဲ့ အမေရိကန်မှာလိုပဲ ပြင်သစ်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါလီမန် အဆုံးအဖြတ် ရယူဖို့ ဖိအားပေးမှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။

ဆီးရီးယားအစိုးရကတော့ သူ့နိုင်ငံကို စစ်ရေးအရ ကျူးကျော် ဝင်ရောက်လာတာတွေ မရှိရအောင် ကာကွယ်တားဆီးပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။ အမေရိကန်တို့ရဲ့ ဘယ်လို စစ်ရေးတိုက်ခိုက်မှုမျိုးမဆို တိုက်ခိုက်လာခဲ့ရင် အယ်လ်ခိုင်ဒါနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို အထောက်အပံ့ပေးသလိုသာ ဖြစ်သွားစေလိမ့်မယ်လို့ ဆီးရီးယား အစိုးရက ပြောကြားလိုက်ပါတယ်။