စစ်ရေးပြင်ဆင်မှုကို ဆီးရီးယား တုံ့ပြန်

Image caption ဆီးရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖက်ဇယ်မက်ခ်ဒက်

ဆီးရီးယားအစိုးရက သူ့နိုင်ငံကို စစ်ရေးအရ ကျူးကျော် ဝင်ရောက်လာမှုတွေ မရှိရအောင် ကာကွယ်တားဆီးပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

အမေရိကန်တို့ရဲ့ ဘယ်လို စစ်ရေး တိုက်ခိုက်မှုမျိုးမဆိုဟာ အယ်လ်ခိုင်ဒါနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို အထောက်အပံ့ ပေးသလို ဖြစ်စေလိမ့်မယ်လို့ ဆီးရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖက်ဇယ် မက်ခ်ဒက် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန် မုန်းတီးစိတ်တွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်လာစေလိမ့်မယ်လို့လည်း ဆိုပါတယ်။

ဆီးရီးယားရဲ့ အဓိက မဟာမိတ် တစ်နိုင်ငံဖြစ်တဲ့ ရုရှားကတော့ ကင်းထောက် သင်္ဘောတစ်စီး အရှေ့မြေထဲပင်လယ်ကို ဒေသကို စေလွှတ်လိုက်ပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဖ်ရို့ဗ် ကတော့ မော်စကို အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က တင်ပြတဲ့ ဆီးရီးယား အစိုးရက ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အထောက်အထားတွေ အပေါ် လက်ခံယုံကြည်လို့ မရသေးဘူးလို့ ပြောပါတယ်။