Microsoft က Nokia ကို ဝယ်တော့မယ်

Image caption နှစ်ဖက်စလုံးအတွက် ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်

အမေရိကန် နည်းပညာ ကုမ္ပဏီကြီး Microsoft က ဖင်လန်အခြေစိုက် Nokia ကုမ္ပဏီဆီက မိုဘိုင်းဖုန်း လုပ်ငန်းတွေကို ၇ဒဿမ ၂ ဘီလျံ ဒေါ်လာနဲ့ ဝယ်ယူဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

Nokia ဟာ တချိန်က ကမ္ဘာ့ထိပ်တန်း မိုဘိုင်းလ်ဖုန်း ကုမ္ပဏီကြီး ဖြစ်ခဲ့ပေမယ့် Smartphone တွေ ပေါ်လာပြီးကတည်းက Nokia အစုရှယ်ယာ စျေးတွေ ထိုးကျသွားခဲ့ပါတယ်။

အစုရှယ်ယာ ဝင်ထားသူတွေရဲ့ သဘောတူချက်ရဖို့ လိုနေသေးဆဲဖြစ်တဲ့ ဒီသဘောတူချက်ဟာ Apple နဲ့ Google ကုမ္ပဏီတို့ရဲ့ Android နည်းပညာတွေကြောင့် နောက်ကျ ကျန်နေခဲ့တဲ့ Microsoft ကုမ္ပဏီ အနေနဲ့ Smartphone စျေးကွက်မှာ အမီပြန်လိုက်နိုင်ဖို့ ကြိုးပမ်းမှု တစ်ရပ်လို့ ယူဆရပါတယ်။

ဝယ်ယူလွှဲပြောင်းမှုဟာ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ အပြီးသတ်ဖွယ်ရှိပြီး ၃ သောင်း ၂ ထောင် ရှိတဲ့ Nokia ရဲ့ ဝန်ထမ်းတွေကိုလည်း Microsoft က လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။