ဂျီ ၂၀ အစည်းအဝေး ရုရှားမှာ စတင်

Image caption ဆီးရီးယား အရေးက ဆွေးနွေးပွဲကို လွှမ်းမိုးထားဖွယ်ရှိ

ကမ္ဘာ့ စီးပွားရေး အင်အာကြီးနိုင်ငံ ၂၀ ရဲ့ ဂျီတွမ်တိ ထိပ်သီးအစည်းအဝေးကို ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်မြို့မှာ ဒီကနေ့ စတင်နေပြီ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ဆီးရီးယာ ပဋိပက္ခ အရေးက အဓိက လွှမ်းမိုးထားမယ့်ပုံရှိနေပြီး၊ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့က ပူးတွဲခန့်အပ်ထားတဲ့ ဆီးရီးယား ဆိုင်ရာ ကိုယ်စာလှယ် လက်ခ်ဒါ ဘရာဟီမီလည်း ဒီအစည်းအဝေးကို တက်ရောက်နေပါတယ်။

မစ္စတာ ဘရာဟီမီဟာ ဆီးရီးယား အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံတစ်ခု ကျင်းပရေး ကြိုးပမ်းကြဖို့ ဂျီတွမ်တိ ခေါင်းဆောင်တွေကို ကြိုးစား တိုက်တွန်းမှာ ဖြစ်ပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် ဒီ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးမယ့် အစီအစဉ်တွေအနက် ပြီးခဲ့တဲ့လက ဆီးရီးယားနိုင်ငံ ဒမာ့စက်ပ်စ်မြို့အနီးမှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်အပေါ် ဘယ်လို တုံ့ပြန်ဆောင်ရွက်ကြမလဲ ဆိုတဲ့ ကိစ္စက အဓိက လွှမ်းမိုးထားမယ့်ပုံ ရှိနေပါတယ်။