တရုတ် ရဲဘက်စခန်းက လူကုန် လွှတ်ပေးမယ်

Image caption ၁၉၅၀ ခုနှစ်တွေကတည်းက ပညာပေး ရဲဖက်စခန်းတွေကို တရုတ်နိုင်ငံအနှံ့ ဖွင့်လှစ်ခဲ့ကြ

တရုတ်နိုင်ငံ၊ ဂွမ်ဇူးမြို့က အငြင်းပွားဖွယ် ပညာပေး ရဲဖက်စခန်းမှာ ထိန်းသိမ်းထားတဲ့ နောက်ဆုံးလက်ကျန် လူ ၁၀၀ ကို အခုနှစ် အကုန်မှာ ပြန်လွှတ်ပေးတော့မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းမီဒီယာက ပြောပါ တယ်။

ဂွမ်ဇူးမြို့ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲက တစ်ခုဖြစ်ပြီး၊ ၁၉၅၀ ခုနှစ်တွေတုန်းက ဒီ အကြီးဆုံး ပညာပေး ရဲဖက်စခန်းကို ဖွင့်လှစ်ခဲ့တာ ဖြစ်ကာ၊ သံသယရှိသူ ဘယ်သူ့ကို မဆို ရုံးမထုတ်ခင် အဲဒီစခန်းမှာ ၄ နှစ် ကြာသည်အထိ ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။

တရုတ်ခေါင်းဆောင်တွေကတော့ တစ်နိုင်ငံလုံးမှာ အခုလိုမျိုး အပြောင်းအလဲတွေကို ပြုလုပ်သွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အခုလို ရဲဖက်စခန်းမျိုးတွေဟာ တရုတ်နိုင်ငံ နေရာအများစုမှာ ဆက်လက် ဖွင့်လှစ်ထားရှိဆဲ ဖြစ်ပါတယ်။