ထိုင်းလေယာဉ် ဘန်ကောက်မှာ ပြေးလမ်းချော်

ထိုင်း လေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ်တစ်စင်း ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် အဆင်းမှာ လေယာဉ်ဘီး ချို့ယွင်းမှု ဖြစ်ကာ ပြေးလမ်း ကနေ ချော်ထွက် သွားတဲ့ အတွက် လူ ၁၄ ဦး ဒဏ်ရာ ရရှိသွား ပါတယ်။

Airbus A330-300 အမျိုး အစား ခရီးသည်တင် လေယာဉ်ဟာ တရုတ်နိုင်ငံ ဂွမ်းဇူးမြို့ ကနေ ခရီးသည် ၂၈၈ ဦး တင်ဆောင်ပြီး ဘန်ကောက်ကို ပျံသန်း လာခဲ့တာ ဖြစ်ပါတယ်။

ညာဘက် ဘီးနေရာမှာ မီးပွားတွေ ထွက်လာတာကို တွေ့ရပြီး ဘာကြောင့် အခုလို ဖြစ်ရတယ် ဆိုတာ ကိုတော့ စုံစမ်း စစ်ဆေး မှုတွေ ပြုလုပ် နေပြီ ဖြစ်ပါ တယ်။

ဒဏ်ရာရ ခရီးသည်တွေကို ဆေးရုံပို့လိုက်ပြီ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ် ဝန်ထမ်းက ၁၄ ဦး ပါ လာတာ ဖြစ်ပါတယ်။