ကော်လိုရာဒို ရေကြီးမှု သေဆုံးသူ လေးယောက် ရှိပြီ

Image caption ရေကြီးမှုကြောင့် တံတားတွေတောင် ကျိုးပဲ့သွား

အမေရိကန် ပြည်ထောင်စုက ရေကြီးမှု ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီးတဲ့ ကော်လိုရာဒို ပြည်နယ်မှာ ရိက္ခာနဲ့ ရေ ပေးဝေဖို့ စောင့်မျှော်နေတဲ့ သူတွေ လက်ထဲ အကူအညီတွေ ပို့ပေးနိုင်အောင် အမေရိကန် အမျိုးသား ကူညီ စောင့်ရှောက်မှု အဖွဲ့ကို တာဝန်ယူ ဆောင်ရွက်နေ ပါတယ်။

အရှေ့ဖက်စွန်းမှာ ရှိတဲ့ ရော့ကီး တောင်တန်းကြောတွေမှာ ပိတ်မိနေသူကို အကူအညီ ပေးနိုင်ဖို့ ကယ်ဆယ်ရေး အစီအစဉ်တွေ ဆက်လက် လုပ်ဆောင် နေပြီး အဆက်အသွယ် ပြတ်တောက်သွားတဲ့ လီယွန်စ် မြို့ကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေက ရေကြီးနေတဲ့ ကြားက ကုန်တင်ကားကြီးတွေနဲ့ အကူအညီတွေ ပို့ဆောင်ပေးခဲ့ပါတယ်။

လူနှစ်ရာကျော် ပျောက်ဆုံးနေတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ Boulder County ရဲ အရာရှိ တယောက် က ခုချိန်မှာ လူအများအပြားဟာ အဆက်သွယ် ပြတ်တောက်နေကြပြီး ကယ်ဆယ်ရေးကို စောင့်နေကြတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကော်လိုရာဒို ရေကြီးမှုမှာ သေဆုံးသူ လေးယောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။