သြစတြေးလျရဲ့ ဝန်ကြီးချုပ်သစ် ကျမ်းကျိန်

Image caption သြစတြေးလျ နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် တိုနီ အက်ဘော့

သြစတြေးလျ နိုင်ငံမှာ အခုလ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးတဲ့နောက် မစ္စတာ တိုနီ အက်ဘော့ Tony Abbott က ဝန်ကြီးချုပ်သစ် အဖြစ် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဗဟို လက်ယာ ညွန့်ပေါင်း အဖွဲ့ ခေါင်းဆောင် မစ္စတာ အက်ဘော့က သူ ဦးစားပေး လုပ်ဆောင်မှာ တွေက ကာဘွန် ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှင့်မှု အပေါ် အခွန် ကောက်တာကို ပယ်ဖျက်ပြီး သြစတြေးလျ ရဲ့ ရာသီဥတု ပြောင်းလဲမှု ကာကွယ်ရေး ဆိုင်ရာ အာဏာပိုင် အဖွဲ့ကို ဖျက်သိမ်းတာ တို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သြစတြေးလျမှာ ခိုလှုံခွင့် တောင်းခံဖို့ အင်ဒိုနီးရှား နိုင်ငံ ကနေ လှေတွေနဲ့ ဝင်ရောက် လာကြသူတွေကို တားဆီးနိုင်ရေး အစီအစဉ် တစ်ရပ်ကိုလည်း အမြန် အကောင် အထည် ဖော်သွားမယ်လို့ သူက ပြောပါတယ်။

သူ့ အစိုးရ အဖွဲ့မှာ အမျိုးသမီး တစ်ယောက်ကိုသာ ထည်းသွင်း ထားတဲ့ အတွက် မစ္စတာ အက်ဘော့ကို ဝေဖန်မှုတွေ ရှိနေပါတယ်။