FARC သူပုန်နဲ့ ကိုလံဘီယာ အစိုးရ ကြား ဂျက်ဆီ ဂျက်ဆင် ဝင်ညှိပေးမယ်

Image caption ဂျက်ဆီ ဂျက်ဆင်

ကိုလံဘီယာ နိုင်ငံက အကြီးဆုံး FARC သူပုန် အဖွဲ့က အမေရိကန် ကမ်းတပ် တပ်သား တယောက်ကို ပြန်ပေးဆွဲထားရာက ပြန်လွှတ်ပေးခဲ့တဲ့ အတွက် အမေရိကန် လူထု အခွင့်အရေး အတွက် တက်ကြွ လှုပ်ရှားသူ ခရစ်ယာန် ဘုန်းတော်ကြီး ဂျက်ဆီ ဂျက်ဆင်က ကိုလံဘီယာ အစိုးရနဲ့ သူပုန် အဖွဲ့ကြား စေ့စပ်ညှိနှိုင်းရေးမှူး အဖြစ် ဆောင်ရွက်ပေးဖို့ သဘောတူလိုက်ပါတယ်။

ဟာဗားနားမှာ ကိုလံဘီယာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရောက်နေတဲ့ ဖာ့ခ် သူပုန်ခေါင်းဆောင်တွေနဲ့ သူတွေ့ဆုံခဲ့ပြီးတဲ့နောက် မစ္စတာ ဂျက်ဆီ ဂျက်ဆင်က လာမယ့် သတင်းပတ်မှာ ကိုလံဘီယာကို သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

သူ့ရဲ့ အတွေ့အကြုံနဲ့ သူ့အပေါ် လူတွေရဲ့ ယုံကြည်လေးစားမှုကြောင့် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေကို ပိုမို သွက်လက် လျှင်မြန်လာ စေလိမ့်မယ်လို့ ဖာ့ခ် အဖွဲ့က ပြောပါတယ်။