အီတလီ ညွန့်ပေါင်းအစိုးရ ပြိုကွဲ

Image caption အီတလီ သမ္မတ ဂျော်ဂျီယို နပိုလီတာနို

အီတလီမှာ ဝန်ကြီးချုပ်ဟောင်း ဆီဗီယို ဘာလစ်ကိုနီရဲ့ ဗဟို လက်ယာယိမ်း ပါတီက ဝန်ကြီးတွေ အစိုးရ အဖွဲ့ထဲက နုတ်ထွက်တော့မယ်လို့ ပြောလိုက်တဲ့ အတွက် ယိုင်နဲ့နေတဲ့ ညွန့်ပေါင်းအစိုးရ ပြိုကွဲ သွားပါပြီ။

ဒါဟာ ဗဟို လက်ဝဲယိမ်း သမား လက်ရှိ ဝန်ကြီးချုပ် အန်ရီကို လက်တာရဲ့ ခြိမ်းခြောက်မှုကို လက်တုန့်ပြန်လိုက်တာ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

အစိုးရအဖွဲ့ကို အယုံအကြည် ရှိမရှိ ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်တဲ့အခါ သူတို့ရဲ့ ထောက်ခံမှု မရရင် မစ္စတာ လက်တာ ရာထူးက နုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။

ဒီပြောဆိုမှုတွေဟာ အကြီးအကျယ် လိမ်ညာမှုတွေဘဲလို့ မစ္စတာ လက်တာက ပြောပြီး သူ့အနေနဲ့ နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ဘူး ၊ ညွန့်ပေါင်း အစိုးရ အဖွဲ့လည်း ပျက်သွားပြီလို့ သူက ဆိုပါတယ်။

အခုတော့ ဒီကိစ္စဟာ နိုင်ငံ အကြီးအကဲ သမ္မတ နက်ပိုလီ တာနို လက်ထဲ ရောက်လာပြီး သူ့အနေနဲ့ ပါလီမန်ကို ဖျက်သိမ်းပစ်မလား ၊ ရွေးကောက်ပွဲ အသစ် ပြန်ကျင်းပမလား ဆိုတာ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။