တိုနီအက်ဘော့ အင်ဒိုနီးရှားကို ရောက်ရှိ

Image caption ခိုလှုံဖို့ ဝင်လာကြတဲ့ လှေတချို့ နစ်မြုပ်ခဲ့

သြစတြေးလျ ဝန်ကြီးချုပ်သစ် တိုနီအက်ဘော့ ဟာ အင်ဒိုနီးရှားနဲ့ နှစ်နိုင်ငံကြား ခိုလှုံခွင့် ပြဿနာတွေကြောင့် တင်းမာမှုတွေ ရှိနေတဲ့ ကြားက အင်ဒိုနီးရှားကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ လက ရွေးကောက်တင်မြှောက် ခံရပြီးတဲ့ နောက်မှာ သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးလည်း ဖြစ်ပြီး စီးပွားရေး ဆက်ဆံမှုတွေ တိုးမြှင့် နိုင်ဖို့ အတွက် ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ အစိုးရသစ်ရဲ့ မူဝါဒ ဖြစ်တဲ့ ခိုလှုံဖို့ လာကြတဲ့ လှေတွေကို အင်ဒိုနီးရှား ရေပိုင်နက်ထဲကို ပြန်ပို့မယ့် မူနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား ဘက်က ဒါဟာ သူတို့ရဲ့ အချုပ်အခြာကို ထိပါးတဲ့ သဘောဆိုပြီး မကျေနပ် ဖြစ်နေပါတယ်။

မကြာခင် လပိုင်းအတွင်းက သြစတြေးလျ ဘက်ကို ဦးတည် လာကြတဲ့ လူတွေ အဆမတန် တင်ဆောင်ထားတဲ့ လှေတွေ နစ်မြုပ်မှုတွေ ဖြစ်ခဲ့ရပါတယ်။