ကင်ညာ သတင်းထောက်ကို ICC ဖမ်းမိန့်ထုတ်

Image caption ICC တရားခွင်မှာ တွေ့ရတဲ့ ကင်ညာ ဒုသမ္မတ ဝီလျံရူတို

နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ဟာ ကင်ညာ ဒုတိယ သမ္မတ ဝီလျံ ရူတိုရဲ့ အမှုမှာ ပါဝင် ပတ်သက်တယ်လို့ ဆိုကာ ကင်ညာ သတင်းထောက်တစ်ဦးကို ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။

ကင်ညာ သတင်းထောက် Wlater Barasa ဟာ မစ္စတာရူတိုရဲ့ အမှုမှာ သက်သေထွက်ဆိုမယ့် သူကို သက်သေ မထွက်တော့ဘဲ နောက်ဆုတ်နေဖို့အတွက် သက်သေကို လာဘ်ထိုးခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ ရှိနေတယ်လို့ အိုင်စီစီ ရှေ့နေချုပ်က ပြောပါတယ်။

မစ္စတာ ရူတိုဟာ ၂၀၀၇ ခုနှစ်က ရွေးကောက်ပွဲမှာ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ခဲ့မှုနဲ့ စွပ်စွဲခံရပြီးနောက် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မစ္စတာ ရူတိုရဲ့ အမှုကို ပျက်ပြယ်အောင် ဝင်ရောက် နှောက်ယှက်ဖို့ ကြိုးစားနေတဲ့ အုပ်စုတစ်ခု ရှိနေတယ်လို့ ရှေ့နေချုပ်က ပြောပါတယ်။

သတင်းထောက် မစ္စတာ ဘာရာဆာကတော့ သူ့မှာ အပြစ်မရှိကြောင်း သက်သေပြဖို့ အသင့်ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။