နိုင်ဂျီးရီးယားမှာ လေယဉ်ပျက်ကျ ၅ ဦးသေ

Image caption အင်ဂျင် မီးလောင်ပြီး ပျက်ကျခဲ့တာဖြစ်

နိုက်ဂျီးရီးယား နိုင်ငံမှာ လူ ၂၇ ဦး တင်ဆောင် ထားတဲ့ အသေးစား ခရီးသည်တင် လေယာဉ် တစ်စင်းဟာ လာဂို့စ်မြို့မှာ ပျက်ကျသွားတဲ့ အတွက် အနည်းဆုံး လူ ၅ ဦး သေဆုံးသွား တယ်လို့ သိရပါတယ်။

အသက်မသေဘဲ ကျန်ရစ်သူတွေရှိပြီး ကယ်ဆယ် မှုတွေ ဆောင်ရွက်နေတယ်လို့ နိုင်ဂျီးရီးယား လေကြောင်း ထိန်းသိမ်းရေး အာဏာပိုင်တွေက ပြောပါတယ်။

ဒီလေယာဉ်ဟာ Associated လေကြောင်းလိုင်းက လေယာဉ်ဖြစ်ပြီး လေယာဉ်ကွင်းကနေ ပျံတက်ပြီး ခဏအကြာ လေထဲမှာ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။