အီဂျစ် ဆန္ဒပြပွဲ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ လေးယောက်ရှိ

Image caption အီဂျစ်မှာ ဆန္ဒပြသမားတွေရဲ့ အော်ဟစ်သံညံ

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့မှာ အစ္စလာမ် ဝါဒီ ဆန္ဒပြသမားတွေကို လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယို ဗုံးတွေသုံးပြီး ကျည်တောင့် အစစ်တွေနဲ့ ခေါင်းပေါ်ကျော် ပစ်ခတ်ဖို့ ကြိုးစားကာ လူစုခွဲခဲ့ပြီးတဲ့နောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ လေးယောက်ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။

အီဂျစ် ပြည်သူတွေ အဓိက ဆန္ဒပြတဲ့ နေရာဖြစ်တဲ့ တာရီရာ ရင်ပြင်ကို ဆန္ဒပြသမားတွေ သွားဖို့ ကြိုးစားခဲ့ပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ ထားတယ်လို့ သိရပါတယ်။

မကြာခင်ကမှ မတရာသင်း အဖြစ် ကြေညာခံထားရတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ထောက်ခံသူ အများစု ပါဝင်တဲ့ အစ္စလာမ် ဝါဒီတွေဟာ နက်ဖြန် တနင်္ဂနွေနေ့မှာ အစ္စရေးကို ၁၉၇၃ ခုနှစ်တုန်းက တော်လှန်ခဲ့တဲ့ နှစ်လေးဆယ်ပြည့် နှစ်ပတ်လည် ဆန္ဒပြပွဲတွေ အကြီးအကျယ် ပြုလုပ်မယ်လို့ ဆိုထားပါတယ်။

အစိုးရ သတင်းအေဂျင်စီ တွေကတော့ တာရီရာ ရင်ပြင်ကို လာမယ့် တနင်္လာနေ့အထိ ပိတ်ထားမယ်လို့ ပြောပါတယ်။