ဓါတုလက်နက် ဖျက်သိမ်းရေး စတင်

ကုလသဂ္ဂကနဲ့ ကျွမ်းကျင်သူတွေ ဝင်ရောက်စစ်ဆေး
ဆီးရီးယား ဓါတုလက်နက်တွေနဲ့ လက်နက်ထုတ် စက်ရုံတွေကို ဖျက်ဆီးရေး အတွက် နိုင်ငံတကာ လက်နက် ဖျက်သိမ်းရေး အရာရှိတွေက စတင် ဆောင်ရွက်နေကြပါပြီ။
ကုလသမဂ္ဂနဲ့ ဓါတုလက်နက် တားဆီးရေး အဖွဲ့တို့ ပူးပေါင်းပြီး ဓါတုလက်နက် ရှာဖွေဖျက်ဆီးရေးနဲ့ ဆီးရီးယား နိုင်ငံအတွင်းက ဓါတုလက်နက်စက်ရုံတွေ ဖော်ထုတ်ရေးတွေကို ဆောင်ရွက် နေကြတာဖြစ်ပါတယ်။
ဒုံးကျည်ဖူးတွေ ဗုံးတွေနဲ့ ဓါတုလက်နက် ထုတ်လုပ်ရေး ပစ္စည်းတွေကို ဖျက်ဆီးဖို့ အတွက် ယန္တရားကြီးတွေကို သုံးစွဲမယ်လို့ ဆိုပါတယ်။
ဆီးရီးယား သမ္မတ ဘာရှားအယ်လ် အာဆတ်က ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို သဘောတူခဲ့ပြီးနောက်မှာ အခုလို ဓါတုလက်နက် ဖျက်သိမ်းရေး အဖွဲ့ဆီးရီးယားကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
သြဂုတ်လ ၂၁ ရက်က ဒမတ်ဆကတ်မှာ ဓါတုလက်နက် အသုံးပြုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာ ကုလသမဂ္ဂဆုံးဖြတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။