ကန် ဗဟိုဘဏ်ဥက္ကဋ္ဌ အမျိုးသမီးဖြစ်လာနိုင်

Image caption ဗဟိုဘဏ်ရဲ့ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်လာနိုင်တဲ့ အသက် ၆၁ နှစ်အရွယ် ဂျက်နက်ယဲလန်

လာမယ့် ဇန်နဝါရီလမှာ တာဝန် သက်တမ်း ကုန်ဆုံးမယ့် အမေရိကန် ပြည်ထောင်စု ဗဟိုဘဏ် ဥက္ကဋ္ဌ ဘန်ဘာနန်ကီ Ben Bernanke ရဲ့ နေရာကို ဆက်ခံဖို့ လက်ရှိ ဒုတိယ ဥက္ကဋ္ဌ ဂျက်နက်ယဲလန် Janet Yellen ကို သမ္မတ အိုဘားမားက အဆိုပြုမယ်လို့ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။

တကယ်လို့သာ အတည်ပြုခံရရင် ဂျက်နက် ယဲလန် Janet Yellen ဟာ အမေရိကန် ဗဟိုဘဏ်ကို ဦးဆောင်တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ရုံ မကဘဲ ကမ္ဘာပေါ်မှာလည်း ဗဟိုဘဏ် တစ်ခုကို ဦးဆောင်တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာလိမ့်မယ်လို့ ဘဏ်လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

၂၀၀၈ ခုနှစ်က စီးပွားရေး ကျဆင်းမှု ဖြစ်ပြီးတဲ့နောက်မှာ အမေရိကန် စီးပွားရေး ဆက်လက် ရှင်သန်အောင် ဆောင်ရွက်မှုနဲ့ အသိအမှတ်ပြုခံရတဲ့ မစ္စတာ ဘာနန်ကီရဲ့ မူဝါဒတွေကို ဂျက်နက်ယဲလန်က ဆက်လက် ကျင့်သုံးမယ်လို့ မျှော်လင့်ရပါတယ်။

ဂျက်နက် ယဲလန်ဟာ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရှင် George Akerlof ရဲ့ ဇနီး ဖြစ်ပါတယ်။