ချားလ်စ်တေလာကို ယူကေ လွှဲပြောင်းယူမယ်

Image caption နှစ် ၅၀ ထောင်ဒဏ်ချခံရတဲ့ လိုင်ဘေးရီးယား သမ္မတဟောင်း ချားလ်စ်တေလာ

လူသားတွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ နှစ် ၅၀ ပြစ်ဒဏ် ချခံခဲ့ရတဲ့ လိုင်ဘေးရီးယား သမ္မတဟောင်း ချားလ်စ်တေလာကို ယူကေက လွှဲပြောင်းယူပြီး ပြစ်ဒဏ်ခံယူစေမယ်လို့ ဗြိတိန်က အတည်ပြု ပြောကြားလိုက်ပါတယ်။

ဆီယာရာလီရုံး အထူးတရားရုံးရဲ့ တောင်းဆိုချက်အရ အခုလို လက်ခံခဲ့တာ ဖြစ်တယ်လို့ ဗြိတိန် တရားရေး ဝန်ကြီး ဂျရမီ ရိုက်ထ်က (Jeremy Wright) က ဆိုပြီး မစ္စတာ တေလာရဲ့ ထောင်ဒဏ် ကျခံမှု ဆိုင်ရာ ကုန်ကျစရိတ်တွေကိုလည်း ဗြိတိသျှ အစိုးရက ကျခံမယ်လို့ သူက ပြောပါတယ်။

၁၉၉ဝ ခုနှစ်တွေအတွင်း ဆီယာရာလီရုံးက ဆိုးရွားတဲ့ ပြည်တွင်းစစ်မှာ သူပုန်တွေကို ထောက်ပံ့ပေးမှုနဲ့ ချားလ်စ် တေလာမှာ အပြစ်ရှိကြောင်း မနှစ်တုန်းက စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက် တုန်းကတော့ အယူခံ ဝင်ခဲ့ပေမယ့် ရှုံးသွားခဲ့တာ ဖြစ်ပါတယ်။