EU တွေ ထောက်ပံ့မှု တောင်းခံမနေဟု ဆို

Image caption ရွှေ့ပြောင်းနေထိုင်သူတွေထဲမှာ အခွန်ဆောင်နေတဲ့သူက ပိုများတယ်လို့ ဆို

ဥရောပနိုင်ငံတွေအတွင်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရွှေ့ပြောင်း နေထိုင်သူတွေဟာ အလုပ်မလုပ် ကြဘဲ သူတို့ ရွှေ့ပြောင်း နေထိုင်ရာ နိုင်ငံတွေရဲ့ အစိုးရ အထောက် အပံ့တွေကို တောင်းယူနေ ကြတယ် ဆိုတဲ့ ပြောဆိုမှုတွေဟာ မမှန်ကန်တဲ့ အကြောင်း ဥရောပ ကော်မရှင်က ထုတ်ပြန် လိုက်တဲ့ ကိန်းဂဏန်း အသစ်တွေက ညွှန်ပြ နေပါတယ်။

အီးယူ နိုင်ငံတွေ အတွင်း ရွှေ့ပြောင်းအခြေချသူတွေထဲက အလုပ်လက်မဲ့ အရေအတွက်ဟာ အီးယူ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းထက်တောင် လျော့နည်းတယ်လို့ ဆိုပါတယ်။

နောက်ပြီး အီးယူ နိုင်ငံတွေမှာ အလုပ်လက်မဲ့ ဦးရေ မြင့်တက်လာသည့်တိုင်အောင် ရွှေ့ပြောင်းလာသူတွေထဲက အလုပ်လက်မဲ့ အရေအတွက်ဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ အတွင်း ကျဆင်းသွားတယ်လို့လည်း ပြောပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်လာသူတွေဟာ အစိုးရ အထောက်အပံ့တွေကို ရယူနေတာထက် အစိုးရကို အခွန်ဆောင်နေတာက ပိုများပါတယ်လို့ အီးယူ ကော်မရှင်က အလေးအနက် ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ