စီးပွားရေး နိုဘယ်ဆု ကန် သုတေသီ ၃ဦး ရရှိ

Image caption ရင်းနှီးမြှုပ်နှံသူတွေကို လမ်းညွှန်နိုင်ခဲ့သူ သုတေသီ ၃ ဦး

အခုနှစ်အတွက် စီးပွားရေး ဆိုင်ရာ နိုဘယ်ဆုကို အမေရိကန် စီးပွားရေး သုတေသီ ၃ ဦးက ပူးပွဲ ရရှိသွားပါတယ်။

အဲဂျန်းဖာမာ၊ လားစ်ပီတာဟန်ဆန် နဲ့ ရောဘတ်ရှီလာ တို့ ၃ ဦးဟာ စျေးကွက်တွင်း ပိုင်ဆိုင်မှုအဝဝရဲ့ တန်ဖိုး (Asset Prices) တွေကို လေ့လာနိုင်ဖို့နဲ့ တင်ကြို ခန်းမှန်းချက်တွေ ပိုကောင်းလာစေဖို့ နည်းလမ်းသစ် တွေကို ထုတ်ဖော်နိုင်ခဲ့တာကြောင့် ဒီဆုကို ရရှိတာ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးဟာ အန္တရာယ်ရှိတဲ့ စွန့်စားနိုင်ခြေ အနည်းအများ အပေါ် တစိတ်တပိုင်း မူတည်နေကြောင်း သူတို့ ၃ ဦးဟာ ရှင်းပြနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆွီဒင်နိုင်ငံ တော်ဝင် သိပ္ပံ အကယ်ဒမီက ပြောပါတယ်။

သူတို့ဟာ တစ်ဦးချင်းစီရဲ့ ရှယ်ယာနဲ့ ပိုင်ဆိုင်မှုတွေကို ယူတာထက် ရှယ်ယာစျေးကွက်က ညွှန်ကိန်းတွေအတိုင်း လိုက်ပြီး ဆောင်ရွက်တာက ပိုမိုကောင်းမွန်ကြောင်း လမ်းညွှန်နိုင်ခဲ့တာဖြစ်လို့ သန်းနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အောင်မြင်မှုတွေ ရစေခဲ့တယ်လို့ အဲဒီ ဆုပေးတဲ့ အကယ်ဒမီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ