ဖိလစ်ပိုင် ငလျင် လူ ၇၀ ကျော် သေဆုံး

Image caption အနည်းဆုံး လူ ၇၀ သေဆုံးပြီး အဆောက်အအုံတွေ ပြိုကျ

ဖိလစ်ပိုင် နိုင်ငံ အလယ်ပိုင်းက ကျွန်းစုတွေမှာ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်လို့ လူ ၇ဝ ကျော် သေဆုံး ပြီး အိုးအိမ်တိုက်တာတွေ ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

ဘိုဟိုး ကျွန်းမှာ လှုပ်တဲ့ ပြင်းအား ရစ်ချ်တာ စကေး ၇ ကျော်တဲ့ ငလျင်ကြီးကြောင့် အထပ်နိမ့် အဆောက် အအုံတွေ ပျက်စီး ပြိုကျ ကုန်ပြီး လမ်းပန်း အဆက် အသွယ်တွေလည်း ပြတ်တောက် ကုန်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံရဲ့ ရှေးအကျဆုံး ခရစ်ယာန် ဘုရားကျောင်းကြီး ၂ ကျောင်းမှာလည်း ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

မြို့ကြီး ၂ မြို့က လူတွေ ငလျင်လှုပ်လို့ အိုးအိမ် ပစ်ခွာ ထွက်ပြေး ကြချိန်မှာ တက်နင်းမိတာတွေ ဖြစ်ကုန်တယ် လို့လည်း သိရပါတယ်။

ပျက်စီးမှု ပမာဏ ကို တိတိကျကျ သိရအောင် အာဏာပိုင် တွေက ကြိုးပမ်း ထောက်လှမ်း နေဆဲဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ