တရုတ်မှာ လူထောင်နဲ့ချီ အကြမ်းဖက် ဆန္ဒပြ

Image caption ဒေါသထွက်နေတဲ့ ဒေသခံများ

တရုတ်နိုင်ငံ အရှေ့ပိုင်း ယူယောင်း (Yuyao) မြို့က ဒေသန္တရ အစိုးရရုံးချုပ် အပြင်ဘက်မှာ ထောင်နဲ့ချီတဲ့ လူတွေရဲ့ အကြမ်းဖက် ဆန္ဒပြမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

တိုင်ဖွန်း မုန်တိုင်း ကြောင့် သူတို့ရဲ့ ယူယောင်းမြို့ ရေလွှမ်းမိုးခဲ့ရာမှာ ဒေသ အာဏာပိုင်တွေရဲ့ တုံ့ပြန်ကိုင်တွယ်ပုံအပေါ် ဒေါသဖြစ်ပြီး အခုလို အကြမ်းဖက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရ မော်တော်ယာဉ်တွေကို မှောက်လန်ခဲ့ကြပြီး ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

တိုင်ဖွန်း ဖီတိုး ကြောင့် ပြီးခဲ့တဲ့အပတ်က ယူယောင်းမြို့မှာ ရေကြီးလို့ အစာအသောက်နဲ့ သန့်ရှင်းတဲ့ရေ ပြတ်လပ်သွားပြီး လူတွေ ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို လူတွေ ဆင်းရဲဒုက္ခ ရောက်နေကြချိန်မှာ အရာရှိတွေက သူတို့ရဲ့ ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေ အတွက် ချီးကျူးမှုတွေ ပြုလုပ်ခဲ့သေးတာကြောင့် ဒေသခံတွေကို ပိုမို ဒေါသဖြစ်စေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ