Man Booker prize ကို အယ်လီနာ ကတ်တွန် ဆွတ်ခူးသွား

Image caption Man Booker prize ဆု ရသွားတဲ့ စာရေးဆရာမ Eleanor Catton

ဒီနှစ် အတွက် အင်္ဂလိပ် စိတ်ကူးယဉ် ဝတ္တု ဆိုင်ရာ Man Booker prize ကို ဆွတ်ခူးသွားသူကတော့ The Luminaries ဆိုတဲ့ ဝတ္ထု ရေးသားသူ စာရေးဆရာမ အယ်လီနာ ကတ်တွန် ဖြစ်ပါတယ်။

ဆုရရှိမှု နဲ့ ပတ်သက်လို့ ဆရာမ အယ်လီနာ ကတ်တွန်က Man Booker prize ဆုရွေးချယ်ရေး အဖွဲ့ကို ကျေးဇူးတင်ကြောင်း ၊ တခြား နာမယ်ကျော် စာရေးဆရာတွေရဲ့ ထူးခြားတဲ့ စာအုပ်တွေနဲ့ တတန်းထဲ ထားပြီး အခုလို စဉ်းစားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ ဆုချီးမြှင့်ပွဲမှာ ပြောသွားခဲ့ပါတယ်။

ဒီ ဆုရ စာအုပ်ဟာ နယူးဇီလန် မှာ Gold Rush လို့ခေါ်တဲ့ ၁၉ ရာစု ရွှေတူးဖော်တဲ့ ကာလ အတွင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှု အကြောင်း အခြေခံ ရေးဖွဲ့ ထားတာ ဖြစ်ပါတယ်။

အသက် ၂ဂ နှစ်သာ ရှိသေးတဲ့ အယ်လီနာ ကတ်တွန်ဟာ ဒီဆု ချီးမြှင့်ခဲ့တဲ့ ၄၅ နှစ် အတွင်း ဆုရသူတွေထဲမှာ အသက်အငယ်ဆုံး ဖြစ်ပါတယ်။

အကဲဖြတ် ဒိုင် အကြီးအကဲ ရောဘတ် မက်ဖာလိန်း ကတော့ ဒီ၀တ္တုဟာ ရှုတ်ထွေးမှုတွေပေါ် ဇတ်အိမ် တည်ထားပြီး သိတ်ကောင်းတဲ့ ဝတ္တု တပုဒ် ဖြစ်တယ် ၊ အကြောင်း အရာ တခုကို ပြောပြနေသလို ခံစားရပြီး လောဘ နဲ့ မောဟ ကမ္ဘာထဲက ဆက်စပ်မှုတွေကို တင်ပြထားတာမို့ ထူးခြားလှတယ်လို့ ဆိုပါတယ်။