လူ့အခွင့်အရေးကိစ္စ တရုတ် ကာကွယ်ပြောဆို

Image caption လူ့အခွင့်အရေးထက် တရုတ်ရဲ့ တိုးတက်မှုတွေကို မီးမောင်းထိုးပြသွား

တရုတ်နိုင်ငံမှာ လူ့အခွင့်အရေး မြှင့်တင်ရေး ဆောင်ရွက်ရာမှာ စိန်ခေါ်မှု အခက်အခဲ အများအပြားနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း တရုတ်အစိုးရက အသိအမှတ်ပြု ပြောသွား ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေး တိုးတက်လာမှုတွေကိုလည်း မီးမောင်း ထိုးပြသွား ပါတယ်။

ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး သုံးသပ် ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုစဉ်မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အထူးကိုယ်စားလှယ်က အခုလို ပြောသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရုံး အပြင်ဘက်မှာတော့ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေက တိဘက်မှာ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင် ကန့်ကွက်တဲ့ စာတမ်းတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၄နှစ်တုန်းက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး သုံးသပ်ချက်ပါ အချက်တွေကို တရုတ်အစိုးရအနေနဲ့ ကိုင်တွယ် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘူးဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေ ရှိနေချိန်မှာပဲ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နှစ်ပတ်လည် လူ့အခွင့်အရေး သုံးသပ် ဆွေးနွေးပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။