ဂရိလက်ယာစွန်းပါတီကို အစိုးရကန့်သတ်

greece
Image caption ရွှေအရုဏ်ဦး ပါတီ အမတ်ကို လူသတ်မှုနဲ့ စွဲချက်တင်မယ်

ဂရိ လက်ယာစွန်းရောက် ရွှေအရုဏ်ဦး ပါတီကို အစိုးရ ထောက်ပံ့မှု ရပ်ဆိုင်းတဲ့ ဥပဒေကို လွှတ်တော်က အများစု အသာမဲနဲ့ ပြဋ္ဌာန်း လိုက်ပါတယ်။

ဒီဥပဒေ အရ အကြမ်းဖက် ရာဇဝတ် ဂိုဏ်းနဲ့ ရောယှက် ပတ်သက်နေတဲ့ ပါတီ တွေကို ထောက်ပံ့မှု လုံးဝ ပိတ်ဆို့ခွင့် ပြုထားပါတယ်။

ဒီအချိန် မှာပဲ ပါတီ နောက်လိုက် တယောက်က ဖက်ဆစ် ဆန့်ကျင်ရေး ဂီတ သမား တယောက်ကို သတ်ဖြတ်မှုမှာ ပါဝင် ပတ်သက်တယ် ဆိုပြီး ရွှေအရုဏ်ဦး ပါတီ ခေါင်းဆောင်နဲ့ အမတ် ၂ ဦးကို စွဲချက် တင်ဖို့ စောင့်ဆိုင်း နေပါတယ်။

အရင်လက ဖြစ်ပွားတဲ့ ဒီလူသတ်မှုကြောင့် ပါတီကို လုံးဝ ဖျက်သိမ်းဖို့ အထိ တောင်းဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ