အိန္ဒိယ နျူစက်ရုံ စတင် လျှပ်စစ် ထုတ်

Image caption ၂၀၀၄ ဆူနာမီဒဏ်ခံရတဲ့ နေရာမှာ ရှိနေတဲ့ နျူစက်ရုံကြောင့် ကန့်ကွက်မှုတွေရှိနေ

အိန္ဒိယနိုင်ငံ တောင်ပိုင်းက အခြေအတင် အငြင်းပွားစရာ ဖြစ်နေတဲ့ နျူကလီးယား စွမ်းအင်စက်ရုံ တစ်ခုကနေ လျှပ်စစ်ဓာတ် အားတွေ စတင် ထုတ်လွှတ်ပေးနေပြီ ဖြစ်ပါတယ်။

တမီလ်နာဒူး ပြည်နယ် ခူးဒန်ခါလမ် မြို့မှာ ရှိတဲ့ အဲဒီ ရုရှားလုပ် နျူကလီးယား စက်ရုံကြောင့် ဒေသခံတွေ အတွက် ဘေးကင်းလုံခြုံရေးမှာ အန္တရာယ်ဖြစ်ဖွယ် စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်တုန်းက ကန့်ကွက် ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ နျူကလီးယား စက်ရုံဟာ ၂၀၀၄ ခုနှစ်က အိန္ဒိယ သမုဒ္ဒရာရဲ့ ဆူနာမီလှိုင်းဒဏ် ခံခဲ့ရတဲ့ ကမ်းရိုးတန်းပေါ်မှာ တည်ရှိတာ ဖြစ်ပြီး ၂၀၁၁ ခုနှစ်က ဆူနာမီဒဏ်ကြောင့် ဂျပန်နိုင်ငံ ဖူကူရှီမာမြို့က နျူကလီးယား စက်ရုံ ထိခိုက်ခဲ့သလိုမျိုး အလားတူ ဖြစ်လာနိုင်တယ်လို့ ဒေသခံ ရွာသားတွေနဲ့ လှုပ်ရှားတက်ကြွသူတွေက ပြောဆို နေတာ ဖြစ်ပါတယ်။

အိန္ဒိယ အစိုးရကတော့ ဒီ စက်ရုံဟာ နိုင်ငံတကာ ဘေးကင်းလုံခြုံမှု စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီတယ်လို့ ဆိုပါတယ်။