ကင်ဂျုံအမ်း ဂုဏ်ထူးဆောင်ဘွဲ့ ဝေဖန်ခံရ

Image caption မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်း

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်းကို ဂုဏ်ထူးဆောင် စီးပွားရေးဘွဲ့ ချီးမြှင့်ခဲ့တဲ့ မလေးရှား တက္ကသိုလ် တစ်ခုဟာ ဝေဖန် ပြောဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကွာလာလမ်ပူ မြို့က ပုဂ္ဂလိကပိုင် HELP တက္ကသိုလ် က နျူကလီးယား လက်နက်တပ်ဆင်ရေး လုပ်နေတဲ့ ခေါင်းဆောင်လို့ လူသိများတဲ့ ကင်ဂျုံအမ်းကို အခုလို ဆုချီးမြှင့်လိုက်တဲ့ အပေါ် မလေးရှား ပြည်သူ အများအပြားက အင်တာနက်ပေါ် ကနေ ဝေဖန်ခဲ့ကြပါတယ်။

ဒီ ဂုဏ်ထူးဆောင်ဘွဲ့ကို မလေးရှားနိုင်ငံမှာ တရားဝင် အခမ်းအနားကျင်းပပြီး မြောက်ကိုရီးယား သံအမတ်ဆီ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆုပေးရတာဟာ အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ထူထောင်ဖို့ မျှော်လင့် ပေးအပ်ခဲ့တာလို့ အဲဒီ တက္ကသိုလ်ရဲ့ ဥက္ကဌ က ပြောပါတယ်။