ဂျာမန် ပြည်ထဲရေး ဝန်ကြီး အမေရိကန်ကို အချက်အလက် တောင်းပြီ

Image caption ဂျာမန် ပြည်ထဲရေး ဝန်ကြီး Hans-Peter Friedrich

ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် ရဲ့ ဖုန်းကို ကြားဖြတ်ဖမ်းယူ နားထောင်တဲ့ ကိစ္စကို ၂ဝ၁ဝ ခုနှစ်တုန်းက သမ္မတ အိုဘားမားဟာ အသိပေးခံခဲ့ရတယ် ဆိုတဲ့ ဂျာမန် သတင်းမီဒီယာတွေမှာ ဖော်ပြချက်ကို အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA က ငြင်းဆိုလိုက်ပါတယ်။

စွပ်စွဲ ပြောကြားနေတဲ့ မစ္စက် မာခဲလ်ရဲ့ဖုန်းကို ကြားဖြတ် ဖမ်းယူ ချိတ်ဆက်ထားတယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ NSA အကြီးအကဲ ဗိုလ်ချုပ်ကြီး ကိသ် အလက်ဇန္နဒါးနဲ့ သမ္မတ အိုဘားမား ဘယ်တုန်းကမှ မဆွေးနွေးခဲ့ဖူးဘူးလို့ အေဂျင်စီရဲ့ ထုတ်ပြန် ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

အခု ထွက်ပေါ်လာတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အချက်အလက် အပြည့်အစုံ တင်ပြပေးဖို့ အမေရိကန်မှာ တာဝန်ရှိတယ်လို့ ဂျာမန် ပြည်ထဲရေး ဝန်ကြီး Hans-Peter Friedrich က တောင်းဆိုလိုက်ပါတယ်။

ဂျာမနီမှာ အမေရိကန်ရဲ့ စုံစမ်း ထောက်လှမ်းမှု အပေါ် လူထုက ဒေါသထွက်နေချိန်မှာ ဂျာမန် ပြည်ထဲရေး ဝန်ကြီးရဲ့ အမေရိကန် အစိုးရ အပေါ ပန်ကြားချက် အခုလို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။