အဆိုတော် ဂီတာသမား သီချင်းရေးဆရာ Lou Reed ကွယ်လွန်

Image caption ဆိုလို ကျော်ကြားခဲ့တဲ့ အဆိုတော် Lou Reed

အမေရိကန် အဆိုတော် ၊ ဂီတာ ကျွမ်းကျင်သူနဲ့ သီချင်းရေးဆရာ လု ရိဒ် ဟာ အသက် ၇၁ နှစ် အရွယ်မှာ ကွယ်လွန်သွားပါပြီ။

သူဖြတ်သန်းခဲ့တဲ့ ဆယ်စုနှစ် ငါးခု နီးပါး အတွင်းမှာ လုရိဒ်ဟာ ရော့ခ် ဂီတနယ်ပယ်မှာ အကြီးအကျယ် လွှမ်းမိုးခဲ့သူ ဖြစ်ပါတယ်။

သူဟာ နယူးယောက်မြို့မှာ မွေးဖွားခဲ့ပြီး ၁၉၆၀ နစ်တွေမှာ ကျော်ကြားတဲ့ The Velvet Underground တီးဝိုင်းကို ပူးတွဲ ထူထောင်ခဲ့သူ ဖြစ်ပါတယ်။

သူတို့ အဖွဲ့ဟာ အနုပညာရှင် Andy Warhol နဲ့ အနီးကပ် အလုပ်လုပ်ခဲ့ကြပြီး ပေါ့ပ်ဂီတကို အတွေးအမြင်သစ်တွေနဲ့ ဖော်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ Perfect Day နဲ့ Walk on the Wild Side သီချင်းတွေက ကျော်ကြားခဲ့ပြီး သူ့ရဲ့ တကိုယ်တော် အခွေ ဟာ အကြီးအကျယ် အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

လိင် ကိစ္စရှုတ်ထွေးမှုနဲ့ မူးယစ်ဆေး သုံးစွဲမှုတွေက သူ့ရဲ့ အောင်မြင်မှုကို ရံဖန်ရံခါ ထိခိုက်စေခဲ့ပါတယ်။