ဒေါ်အောင်ဆန်းစုကြည် ဘိုလော့နာ ရောက်ရှိ

Image caption ဂုဏ်ထူးဆောင် ဒဿနိက ပါရဂူဘွဲ့ လက်ခံရယူစဉ်။

အီတလီ နိုင်ငံမှာ ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ကော့မှူးမြို့နယ် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဘိုလော့နာ မြို့မှာ မြို့တော်ဝန်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဘိုလော့နာ မြို့တော်သူ ဆုကို လက်ခံရယူ ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဘိုလော့နာမြို့က Bologna Alma Mater University တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိကဗေဒ ပါရဂူဆုကို လက်ခံရယူခဲ့ပြီး အခမ်းအနားကို တက်ရောက်လာကြတဲ့ ပရိတ်သတ်ကို မိန့်ခွန်း ပြောကြားခဲ့တယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာ အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာတော့ ပါမား မြို့မှာ အီတလီရောက် မြန်မာ လူမျိုးတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။