အာရာဖတ် အဆိပ်ခတ်ခံ ခဲ့ရဖွယ်ရှိ

Arafat
Image caption မစ္စတာ အာရာဖတ် ရုတ်တရက် ကွယ်လွန်ခဲ့

ပါလက်စတိုင်း ခေါင်းဆောင်ဟောင်း ရာဆာ အာရာဖတ် ရေဒီယို သတ္တိကြွ ပိုလိုနီယမ် အဆိပ် ခတ်ခံခဲ့ရဖွယ် ရှိကြောင်း သူ့ရဲ့ ကြွင်းကျန် တဲ့ ရုပ်အပိုင်းအစ တွေကို စစ်ဆေး ကြည့်ရှု ခဲ့တဲ့ ဆွစ်ဇာလန် သိပ္ပံ ပညာရှင် တွေက ပြောကြား လိုက်ပါတယ်။

မစ္စတာ အာရာဖတ် ရဲ့ အရိုးစုကို စစ်ဆေး ကြည့်တဲ့ အခါ ပုံမှန်ရှိသင့်တဲ့ ပိုလိုနီယမ် ပမာဏ ထက် အနည်းဆုံး ၁၈ ဆ ပိုမြင့် နေတယ်လို့ တွေ့ရကြောင်း အယ်လ်ဂျားဇီးယားနဲ့ ဂါးဒီးယန်း သတင်းစာ ဝက်ဆိုက် တွေက ဖော်ပြ ခဲ့တဲ့ သိပ္ပံ ပညာရှင် တွေရဲ့ အစီရင်ခံစာ မှာ ပါရှိပါတယ်။

ဒီစစ်ဆေးမှု ရလဒ် တွေအရ မစ္စတာ အာရာဖတ် လုပ်ကြံ ခံခဲ့ရတယ်လို့ သတ္တုချ နိုင်ကြောင်း သူ့ရဲ့ ကျန်ရစ်သူ ဇနီးသည် ဆူဟာကလည်း ပြောကြား ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၉ နှစ်က မစ္စတာ အာရာဖတ် ကောက်ခါငင်ခါ ဖျားနာပြီး ကွယ်လွန် ခဲ့တာ ဖြစ်ပါတယ်။

အဆိပ်ခတ် ခံရတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ် လာပြီးနောက် သူ့ရဲ့ ရုပ်ကလာပ်ကို မနှစ်က ပြန်လည် တူးဖော်ခဲ့ပါတယ်။

ဒီစွပ်စွဲချက် တွေဟာ သိပ္ပံ နည်းမကျ ဘဲ ဖျော်ဖြေရေး ဆန်တယ် ဆိုပြီး အစ္စရေး နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ