ဗြိတိန် ထောက်လှမ်းရေး ပါလီမန်မှာ ထွက်ဆို

MI6
Image caption လန်ဒန် မြစ်ကမ်းနဖူးက MI6 ဌာနချုပ်

ဗြိတိသျှ ထောက်လှမ်းရေး ဌာန ၃ ခုရဲ့ အကြီးအကဲတွေ ပါလီမန် ကော်မတီ ရှေ့မှာ ခုခံ ပြောကြား ခဲ့ပါတယ်။

မသင်္ကာ သူ တွေရဲ့ တယ်လီဖုန်း ခေါ်ဆိုမှု တွေနဲ့ အီးမေးတွေကိုသာ စောင့်ကြည့်ခဲ့ပြီး လူထုကို ထောက်လှမ်းတာ မဟုတ်ဘူးလို့ GCHQ အစိုးရ ထောက်လှမ်းရေး ဌာနချုပ် ညွှန်ကြားရေးမှူးက ပြောကြား ခဲ့ပါတယ်။

ပြည်တွင်း လုံခြုံရေး ဌာန MI5 အကြီးအကဲ ကလည်း ၂ဝဝ၅ ခုနှစ် ကတည်းက အကြမ်းဖက် ကြံစည်မှု ၃၄ ခုကို သူတို့ တားဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် ထောက်လှမ်းရေး လူထွက် အက်ဒွပ် စနိုးဒန်း ဆီက ပေါက်ကြားတဲ့ စာရွက်စာတမ်းတွေ အယ်လ်ခိုင်ဒါ လက်ထဲ ရောက်ကုန်တယ် လို့လည်း MI6 အကြီးအကဲက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ