ထိုင်းမှာ ဆန္ဒပြပွဲတွေ အရှိန်မြှင့်တော့မည်

အဝေးရောက် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံကို ပြန်လာနိုင်မယ့် လွတ်ငြိမ်းချမ်းသာခွင့် ဥပေဒ မူကြမ်းကို ကန့်ကွက် ဆန္ဒပြရာမှာ ဦးဆောင်နိုင်ဖို့ အတွက် ထိုင်း အတိုက်အခံ ခေါင်းဆောင် ၄ ဦးဟာ သူတို့ရဲ့ ပါတီကနေ နှုတ်ထွက် လိုက်ကြပြီ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို အခု သီတင်းပတ်အတွင်း အစိုးရရဲ့ ထောက်ခံချက်နဲ့ အတည်ပြုတော့မှာ ဖြစ်ပါတယ်။ လက်ရှိ အစိုးရကို ဦးဆောင်နေသူကတော့ သက်ဆင် ရှင်နာဝပ်ရဲ့ ညီမဖြစ်သူ ယင်လက် ရှင်နာဝပ် ဖြစ်ပါတယ်။

ဒီလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေဟာ ၂၀၀၆ ခုနှစ်က စစ်တပ်အာဏာသိမ်းကာ မစ္စတာ သက်ဆင်ကို ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံရေး မငြိမ်သက် ဖြစ်မှုတွေနဲ့ လမ်းပေါ်မှာ တိုက်ခိုက်မှုတွေ အတွင်း ပြစ်မှု ကျူးလွန်ခဲ့သူတွေ အတွက် ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစား လုပ်မှု စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချပြီးကတည်းက သူဟာ အဝေးရောက် အဖြစ် နေထိုင်နေသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ