အိုင်အေအီးအေနဲ့ အီရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ရ

Image caption အီရန်နဲ့ အိုင်အေအီးအေတို့ ပူးပေါင်းဆောင်ရွက်မယ်

လအတန်ကြာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ နျူကလီးယား လေ့လာစောင့်ကြည့်ရေး အဖွဲ့ I.A.E.A.အိုင်အေအီးအေနဲ့ အီရန် နိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် တရပ်ရရှိသွားပါပြီ။

ဒီသဘောတူညီချက်ကြောင့် အီရန်ရဲ့ နျူကလီးယား ထားရှိရာ အဓိက နေရာနှစ်ခုကို စုံစမ်းရေးမှူးတွေ ဝင်ရောက် စစ်ဆေးခွင့် ရနိုင်တော့မှာ ဖြစ်ပါတယ်။

အီရန်နဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံကြီးတွေရဲ့ နျူကလီးယား ဆွေးနွေးပွဲ အောင်မြင်မှုဟာ ဒီသဘောတူညီချက်ကြောင့် အခွင့်သာစေမှာ ဖြစ်တယ်လို့ ဘီဘီစီ သံတမန် ပြောပါတယ်။

အဲဒီ နျူကလီးယား ဆွေးနွေးပွဲကို ဂျီနီဗာမှာ အခုလကုန်ပိုင်းလောက်မှာ ထပ်မံ ကျင်းပဖို့ ရှိပါတယ်။

အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်နိုင်အောင် တကယ့်ကို တောင့်တင်း ခိုင်မာတဲ့ အုတ်မြစ်ချနိုင်ခဲ့တယ် ၊ သဘောတူညီချက် တရပ် ချမှတ်နိုင်မယ် ဆိုတာ သံသယကို မရှိဘူးလို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ဝီလီယမ် ဟိတ်ခ် က ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။